Release date : 1993-12-25

Production country :
United States of America

Production company :
Cinergi Pictures, Hollywood Pictures, Alphaville Films

Durasi : 130 Min.

Popularity : 8

7.60

Total Vote : 2,233

ပစ်ရခတ်ရ လူဆိုးထိန်းရတာ စိတ်ကုန်လာတဲ့ ငြိမ်းချမ်းရေးအရာရှိကြီး ဝိုင်ယက်အာ့ပ်နဲ့ ဒုတိယဇနီးလေးတို့က အာ့ပ်ညီနောင်နှစ်ယောက်နဲ့အတူ Tombstone မှာ သေနတ်ကို အနားပေးပြီး အခြေချဖို့ စိတ်ကူးနဲ့ Tombstone ဆိုတဲ့ မြို့လေးကို ရောက်လာကြတယ်။ မြို့လေးက တိုးတက်သလို နောက်ပြန်ဆွဲနေတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်းဘွိုင်တွေပါပဲ။ အဲဒီမြို့လေးမှာ အနီရောင်ပုဝါကို စည်းထားကြတဲ့ ကောင်းဘွိုင်တွေ ကြီးစိုးနေပြီး ဥပဒေကတော့ သိပ်ပြီး သက်ရောက်မှုမရှိဘူးပေါ့။ အငြိမ်းစားယူထားတဲ့ ဝိုင်ယက်ကလည်း ပစ်တာခတ်တာတွေ နားလိုက်ပြီဆိုတော့ လောင်းကစားဝိုင်း လုံခြုံရေးလုပ်ရင်း စီးပွားရှာနေတယ်။ အဲဒီမှာ ဝိုင်ယက်ရဲ့ မိတ်ဆွေရင်းကြီး ဒေါ့ခ်ဟောလီးဒေးဆိုတဲ့ ဘဲနဲ့ ကောင်းဘွိုင်တွေနဲ့ ငြိကြပါလေရော။ အစကတည်းက ဥပဒေဘက်တော်သားဟောင်း ဝိုင်ယက်ကို မကြည်နေကြတဲ့ ကောင်းဘွိုင်‌တွေပါ ဝိုင်းပြဿနာရှာကြတဲ့အချိန်မှာ လူသာနေပေမဲ့ ပညာကတော့မနေဘူးဆိုတဲ့အတိုင်း ဝိုင်ယက်ကြီးလည်း သေနတ်ကို အနားပေးထားရာကနေ သေနတ်ပြန်ကိုင်ရင်း