Release date : 2014-11-19
Production country :
United States of America
Production company :
Lionsgate, Color Force
Durasi : 123 Min.
Popularity : 13
6.82
Total Vote : 16,118
ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းကတကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေ ခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက် ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက် ပုံရိပ်တစ်ခုဖြစ်တဲ့ မော့ကင်းဂျေနေရာမှာ ကတ်နစ်ကို ပါဝင်အားဖြည့်စေဖို့အတွက် တိုက်တွန်းမှုတွေ များစွာလုပ်ခဲ့ရပါတယ်။နယ်မြေ ၁၂ကိုပြန်လည်သွားရောက် ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာ တော်လှန်ရေးထဲကို ပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကို ကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်းမှာတော့ တိုက််ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ ရိုက်ကူးထားတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။
Related Movies✨

2004

2017

2017

1992

2009

2008

2005

1997

1990

2018

2023
