Release date : 2005-06-10
Production country :
United States of America
Production company :
Troublemaker Studios
Durasi : 92 Min.
Popularity : 6
5.19
Total Vote : 1,536
ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့စိတ်ကူးယဉ်တွေထဲက ကမ္ဘာကြီးမှာ သူ့မှာသူငယ်ချင်း၂ယောက်ရှိတယ်။ Sharkboy နဲ့ Lavagirlပေါ့။ ဆရာတွေ မိဘတွေကတော့ သူ့ကို စိတ်ကူးမယဉ်ဘဲ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ ပြောကြပေမဲ့ သူက သူ့စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်နိုင်တော့ အားလုံးကြားထဲ ငကြောင်လိုလိုဖြစ်နေခဲ့တာပေါ့။ တစ်နေ့ လက်တွေ့ဘဝနဲ့ သူ့စိတ်ကူးယဉ်တွေက အသားကျမနေတဲ့အခါ သူ့ဟာ သူ့စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲဒီမှာ Sharkboy နဲ့ Lavagirlဟာ ကမ္ဘာပေါ်ရောက်လာပြီး သူ့ကို သူ့စိတ်ကူးယဉ်တွေကနေ ဖြစ်တည်လာတဲ့ ဂြိုဟ်ကြီး ပျက်စီးတော့မှာမို့ လာပြန်ပြင်ပေးဖို့ ခေါ်သွားကြတယ်။ ဒီလိုနဲ့ သူ့စိတ်ကူးတွေက တကယ်ဖြစ်နေတာကို သူမျက်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ အသစ်ပြန်ဖြစ်တတ်တဲ့ နှလုံးသားတွေအတွက်တော့ ဒီရုပ်ရှင်ဟာ မအိုမင်းနိုင်တဲ့ နေ့ရက်တွေအကြောင်းပါပဲ။
Related Movies✨

1965

1977

2003

1975

1987

1931

1939

2000

1996

1936
