Release date : 2023-06-25
Production country :
United States of America
Production company :
Lucasfilm Ltd.
Durasi : 155 Min.
Popularity : 10
6.55
Total Vote : 3,690
ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။
Related Movies✨

1961

2020

2024

2024

2019

2008

1985

2018

2000

1979
