Release date : 2022-03-24
Production country :
United States of America
Production company :
IAC Films, AGBO, Ley Line Entertainment, Year of the Rat
Durasi : 140 Min.
Popularity : 14
7.80
Total Vote : 7,086
ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ အပြိုင်စကြဝဠာတွေကို ဖျက်မယ့် မိစ္ဆာကြီးကို ရင်ဆိုင်ရင် သေသွားခဲ့တာပါ။ ဒီတော့ အဲဒီမိစ္ဆာကို ယှဉ်နိုင်လောက်မယ့် အက်ဗလင်းကို အက်ဗလင်းပေါင်းထောင်ပေါင်းများစွာထဲက လိုက်ရှာနေခဲ့ကြတာပါ။
Related Movies✨

2008

2000

1990

1991

2004

1990

1991

1988

1994
