Release date : 2000-11-09

Production country :
United States of America

Production company :
Newmarket Capital Group, Original Film, Columbia TriStar Television

Durasi : 87 Min.

Popularity : 2

5.07

Total Vote : 399

ဆယ်ကျော်သက်ဘဝဆိုတာ စမ်းသပ်ချင် လေ့လာချင်စိတ်နဲ့ ဇီဝဗေဒတွေ ပိုးထကြွတဲ့အရွယ်ပေါ့။ ဆယ်ကျော်သက်အိပ်မက်တွေ ပြာရီလွှမ်းတဲ့ အဖြစ်မျိုးတွေအား လုံးကင်းကြမှာမဟုတ်ဘူး။ အပြစ်တော့လည်း မဟုတ်ပါဘူးလေ။ လူရယ်လို့ဖြစ်လာပြီးမှ ကိုယ့်ကို ဘယ်လိုဇီဝဗေဒနဲ့ ဖန်ဆင်းထားသလဲ မသိတာကမှအ,လွန်း တာမို့လား။ ဒီရုပ်ရှင်မှာတော့ လူဖန်တီးနိုင်တဲ့ ဇီဝဗေဒပညာကို လေ့လာကြတဲ့ ကျောင်းသား ကျောင်းသူလေးတွေရဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။ အဓိက မင်းသမီးလို့ပြောလို့ရတဲ့ Amy Adams ရဲ့ ခပ်ကြမ်းကြမ်း အခန်းတွေလည်း မနည်းပါဝင်တာမို့ မိသားစုနဲ့ မကြည့်သင့်ပါဘူး။ ငမွှေကောင် ဆီဘတ်ရှန်ဟာဆိုး လွန်းပေလွန်းလို့ ကျောင်းပြောင်းပေးခံလိုက်ရပြီး သူ့အဖေနဲ့ မိထွေးနဲ့ အတူ အိမ်ကြီးရခိုင်နဲ့ သူဌေးသား ဘဝပြောင်းသွားပါတယ်။ သူ့မိထွေးရဲ့သမီး Amy Adams ရဲ့ကာရိုက်တာ ကတ်သရင်းနဲ့အတူ ကျောင်းတက်ရင်း ကျောင်းမှာ အပျိုမရှိအောင် ကြံဆောင်နေတဲ့ ကတ်သရင်းရဲ့ စနက်မှာ ဝင်ပါမိပြီးပါကင်တကာဖောက်တဲ့ ကောင်ဘဝပြောင်းသွားတာကို ကြည့်ရမယ့် ဆက်စီအချစ်ဟာသကားလေးပါပဲ။