Release date : 2025-05-13

Production country :
United States of America

Production company :
ABC

Durasi : 48 Min.

Popularity : 53.6405

7.41

Total Vote : 131

စုံထောက် Will Trent ဟာငယ်စဉ် ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည်ဆောက်နေပါတယ်။ သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ်ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ် အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန်တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ရဲ့မျက်မုန်းကျိုးမှုကိုလဲခံနေရပါတယ်။