The Crown

Release date : 2023-12-14

Production country :
United Kingdom, United States of America

Production company :
Netflix

Durasi : 48 Min.

Popularity : 35.1199

8.20

Total Vote : 2181

အဲလိဇဘက်ဘုရင်မကြီးဟာ ဝန်ကြီးချုပ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသူပါ။ဝင်စတန် ချာချီ၊ မက်မီလန်၊ အဲလက်၊ ဝယ်ဆန် စသည်ဖြင့်ပါပဲ။ဝန်ကြီးချုပ်တိုင်းနဲ့အတူ နိုင်ငံ့ပြဿနာတွေကို အတူဖြေရှင်းခဲ့ရတာပါ။မြူဆိုင်းတဲ့ကပ်ဘေးတွေ၊ စူးအက်တူးမြောင်းလို ကိစ္စတွေ၊သမ္မတ JFK စုံတွဲနဲ့ကိစ္စတွေ၊ သမ္မတဂျွန်ဆန်နဲ့ ဗီယက်နမ်စစ်ပွဲကိစ္စတွေ၊သူလျိုမှုတွေ၊ လိင်အရှုပ်တော်ပုံတွေ အများကြီးပါပဲ။ဒါ့အပြင်သူ့ရဲ့ ဦးရီးတော်ကလည်း မိန်းမအတွက်နဲ့ နန်းစွန့်ခဲ့ပြီးသစ္စာဖောက်လို ဆက်ဆံခံရတဲ့ ရှုပ်ထွေးတဲ့သူပါ။သူ့ရဲ့ ညီမကလည်း သူနဲ့ဆန့်ကျင်ဘက် ခေတ်ဆန်ဆန်၊ပေါ့ပေါ့ပါးပါး၊ထက်ထက်မြက်မြက်ရှိပေမယ့် ပြဿနာ မကြာခဏရှာတတ်တဲ့သူပါ။ယူထားတဲ့ယောကျာ်းကလည်း နိုင်ငံခြားဘုရင်မျိုးဆက်နာဇီတွေရဲ့ ယောက်ဖ ဖြစ်နေပြေတော့ အဲလိဇဘက်ရဲ့ ဘဝဟာအရောင်အသွေး စုံလှတယ်လို့ပြောရမှာပါပဲ။ကြည့်သင့်တဲ့အချက်တွေကတော့ ဗြိတိန်နန်းသုံးစကားလုံးတွေ နားထောင်နိုင်တယ်၊ဗြိတိန်ရဲ့ စည်းမျဉ်းခံ ဘုရင်စနစ်နဲ့ ဓလေ့တွေကို သိနိုင်တယ်၊သမိုင်းဖြစ်ရပ်တွေကို စိတ်ဝင်စားစရာ ကြည့်နိုင်တယ်၊သရုပ်ဆောင်တွေကလည်း ကောင်းတော့ ရုပ်ရှင်အရသာလည်းရှိတယ်။ အစုံပါပဲ။ဒီတော့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ စီးရီးထဲမှာ ပါဝင်ပါတယ်။