Release date : 2024-12-02

Production country :
United States of America

Production company :
The CW

Durasi : 44 Min.

Popularity : 52.973

8.10

Total Vote : 2548

CW ရဲ့ Arrow universe ထဲက Superman နဲ့ Lois Lane တို့ရဲ့ကိုယ်ပိုင်စီးရီးဖြစ်ပါတယ်။ အရင် Arrowverse စီးရီးတွေတုန်းက Superman ဇာတ်ကောင်ကို fan တွေစိတ်ပျက်ခဲ့ပေမယ့် ဒီစီးရီးမှာတော့အားမရခဲ့သမျှကိုအဖတ်ဆယ်ပေးမှာဖြစ်ပါတယ်။ HBO ကလည်းအားဖြည့်ပေးထားတာမို့ CW စီးရီးလို့မထင်ရလောက်အောင် vfx တွေ အက်ရှင် scene တွေလန်ပြန်နေပြီး Superman ရဲ့ suit အသစ်ဟာလည်း အတော်လေးကြည့်ကောင်းလာပါတယ်။ Clark နဲ့ Lois မှာအရင်က Jon Kent ဆိုတဲ့ ကလေးတစ်ယောက်ပဲ ရှိခဲ့ပေမယ့် Crisis on infinite earth အပြီးမှာ earth တွေအပြောင်းအလဲဖြစ်သွားတာကြောင့် အမွှာနှစ်ယောက်ဖြစ်သွားပါတယ်။ ဒီစီးရီးမှာ Clark ကို စူပါဟီးရိုးတစ်ယောက်အနေနဲ့တင်မကပဲ သား၂ယောက်ကို အခက်အခဲတွေကြားက ပြုစုပျိုးထောင်နေတဲ့ အဖေတစ်ယောက်အနေနဲ့ပါ တွေ့ရမှာဖြစ်ပါတယ်။ Superman နဲ့ Lois Lane ဟာ သားနှစ်ယောက်နဲ့အတူ Superman ကြီးပြင်းခဲ့ရာ Smallville ကို ပြောင်းလာရင်း အခက်အခဲတွေကြုံနေတဲ့မြို့လေးရဲ့ နောက်ကွယ်က တရားခံကိုဖော်ထုတ်ဖို့၊ပေါ်လာတဲ့ရန်သူသစ်တွေကို နှိမ်နင်းနိုင်ဖို့ ကြိုးစားကြပါတော့တယ်။